Skip to main content
  • Luke 19
    •  ကိုယ်တော်သည် ဂျေရီခိုမြို့သို့ဝင်၍ မြို့တွင်းမှ ဖြတ်သွားတော်မူ၏။-
    •  ထိုအရပ်တွင် ဇာခေးဦး အမည်ရှိသောသူတစ်ဦးရှိလေ၏။ သူသည် အခွန်ခံသော သူတို့၏ အကြီးအကဲဖြစ်၍ ကြွယ်၀ ချမ်းသာ၏။-
    •  သူသည် ယေဇူး အဘယ်သူဖြစ်ကြောင်းကို ကြည့်လိုသော်လည်း လူအစုအဝေးတို့ကြောင့် ကိုယ်တော့်ကို မမြင်နိုင်ချေ။ အကြောင်းမူကား သူသည် အရပ်နိမ့်သောသူဖြစ်၍ပင် တည်း။-
    •  ထို့ကြောင့် သူသည် ကိုယ်တော့်ကိုမြင်နိုင်ရန် ရှေ့မှကြိုပြေးလျက် သဖန်းပင်တစ်ပင်ပေါ်သို့ တက်လေ၏။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော်သည် ထိုနေရာ မှဖြတ်သွားမည်ဖြစ်သောကြောင့်တည်း။-
    •  ယေဇူးသည်လည်း ထိုနေရာသို့ရောက်သောအခါ မော့ကြည့်၍ ဇာခေးဦး၊ အမြန်ဆင်းခဲ့လော့။ အကြောင်းမူကား သင်၏အိမ်၌ ယနေ့ငါတည်းခိုမည်ဟု သူ့အား မိန့်တော်မူ၏။-
    •  သူသည်လည်း လျင်မြန်စွာဆင်းခဲ့၍ ကိုယ်တော့်ကိုဝမ်းမြောက် ဝမ်းသာကြိုဆိုဧည့်ခံလေ၏။-
    •  ဤအခြင်းအရာကို လူအပေါင်းတို့မြင်ကြသောအခါ သူသည် အပြစ်ရှိသူတစ်ဦး၏ အိမ်၌ဝင်၍ တည်းခိုလေပြီတကားဟု တီးတိုးပြစ်တင်ကြ၏။-
    •  ဇာခေးဦးသည်ကား ရပ်လျက် သခင်၊ အကျွန်ုပ် ၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အား ပေးပါသည်။ အကယ်၍ အကျွန်ုပ်သည် တစ်စုံတစ်ယောက်၏ ဥစ္စာပစ္စည်းကိုလိမ်လည်၍ ယူမိခဲ့လျှင် လေးဆပြန်ပေးပါသည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
    •  ထိုအခါ ယေဇူးက သူ့အား ဤသူသည်လည်း အာဘရာဟံ၏သား ဖြစ်သောကြောင့် ကယ်တင်ခြင်းသည် ယနေ့ ဤအိမ်သို့ ရောက်လာလေပြီ။-
    • 10  အကြောင်းမူကား လူသားသည် ပျောက်ဆုံးနေသော သူတို့ကို ရှာဖွေ၍ ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။
    • 11   လူတို့သည် ဤအကြောင်းအရာများကို ကြားနာနေကြစဉ် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကို ဆက်လက် မိန့်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ရောက်လုနီးပြီ ဖြစ်သောကြောင့် ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းပင် ပေါ်ထွန်းတော့မည်ဟု သူတို့ထင်မှတ်ကြသောကြောင့်ဖြစ်၏။-
    • 12  သို့ဖြစ်၍ ကိုယ်တော်က မိန့်တော်မူသည်မှာ မင်းသားတစ်ပါးသည် ဘုရင်အရိုက်အရာကိုခံယူ၍ ပြန်လာရန် ဝေးလံသော တိုင်းပြည်တစ်ပြည်သို့ ထွက်သွားလေ၏။-
    • 13  သူသည် မိမိအစေခံဆယ်ယောက်ကိုခေါ်၍ သူတို့အား ငွေ ဒင်္ဂါးပြားဆယ်ပြားကိုပေးပြီးလျှင် ငါပြန်လာသည့်တိုင် အောင် ကုန်သွယ်ကြလော့ဟု သူတို့အား ဆို၏။-
    • 14  သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းတီးကြသောကြောင့် ကိုယ်စားလှယ်အဖွဲ့ကို သူ၏နောက်မှ စေလွှတ်၍ ဤသူ၏အုပ်စိုးမှုကို ငါတို့အလိုမရှိဟု ဆိုကြ၏။
    • 15  ထိုသူသည် ဘုရင်အရိုက်အရာကိုခံယူပြီး ပြန်လာသောအခါ မိမိငွေအပ်နှံထားခဲ့သော အစေခံများသည် ကုန်သွယ်ခြင်းမှ အကျိုးအမြတ် မည်မျှရသည်ကို သိလိုသဖြင့် သူတို့ကို မိမိထံသို့ဆင့်ခေါ် လေ၏။-
    • 16  ပထမအစေခံသည် သူ့ထံသို့လာ၍ သခင်၊ အရှင်၏ငွေဒင်္ဂါးပြား တစ်ပြားအားဖြင့် နောက်ထပ် ငွေဒင်္ဂါးပြား ဆယ်ပြား တိုးပွားစေခဲ့ပါပြီဟု ဆိုလေ၏။-
    • 17  သူကလည်း ကောင်းလေစွ၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် သေးငယ်သောအမှု၌ သစ္စာရှိသောကြောင့် မြို့ဆယ်မြို့ကို အုပ်စိုးရမည်ဟု ဆို၏။-
    • 18  ဒုတိယအစေခံသည်လည်း လာ၍ သခင်၊ အရှင်၏ငွေဒင်္ဂါး တစ်ပြားဖြင့် ငွေဒင်္ဂါးငါးပြားကိုတိုးပွားစေခဲ့ပါပြီဟုဆို၏။-
    • 19  သူက သင်သည်လည်း မြို့ငါးမြို့ကိုအုပ်စိုးရမည်ဟု ထိုသူအား ဆိုလေ၏။-
    • 20  ထို့နောက် အခြားသော အစေခံတစ်ဦးသည် လာ၍ သခင်၊ အရှင်ပေးခဲ့သောငွေဒင်္ဂါးတစ်ပြား ဤတွင် ရှိပါသည်။ အကျွန်ုပ်သည် ဤငွေကို ပုဝါနှင့်ထုပ်၍ သိမ်းထားပါသည်။-
    • 21  အကြောင်းမူကား သခင်သည် တိကျသေချာသော သူဖြစ်၍ သခင် သိုလှောင်မထားသော ဥစ္စာကိုသိမ်းယူပြီး သခင် မစိုက်ပျိုးသော အရာကို ရိတ်သိမ်းတတ်သောကြောင့် သခင့်ကို ကြောက်ရွံ့ပါသည်ဟု ဆို၏။-
    • 22  သူကလည်း ထိုသူအား ဆိုးမိုက်သောအစေခံ၊ သင့်နှုတ်မှထွက်လာသောစကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် တိကျသေချာ၍ ငါမသိုလှောင်သောဥစ္စာကို သိမ်းယူပြီး ငါမစိုက်ပျိုးသောအရာကို ရိတ်သိမ်းတတ်ကြောင်း သင်သိပါလျှင်၊-
    • 23  အဘယ်ကြောင့် ငါ၏ငွေကို ဘဏ်တွင်ထည့်မထားပါသနည်း။ ဤသို့သင်ပြုခဲ့ပါလျှင် ငါပြန်လာသောအချိန်၌ ထိုငွေကို အရင်းနှင့်တကွ အတိုးကိုပါ ငါရနိုင်ပေလိမ့်မည်ဟု သူ့အား ဆို၏။-
    • 24  ထို့နောက် သခင်က အနီးတွင်ရပ်နေသောသူတို့အား ဤသူ့ထံမှ ငွေ ဒင်္ဂါးတစ်ပြားကိုယူ၍ ငွေဒင်္ဂါးဆယ်ပြားရသောသူအား ပေးကြလော့ဟုဆို၏။-
    • 25  ထိုသူတို့ကလည်း သခင်၊ သူ့၌ ငွေဒင်္ဂါးဆယ်ပြားရှိပါသည်ဟု ဆိုကြ၏။-
    • 26  သခင်က သင်တို့အား ငါဆိုသည်ကား ရှိသောသူအား ထပ်မံ၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ့၌ ရှိသမျှကိုပင် သိမ်းယူ လိမ့်မည်။-
    • 27  ငါ၏အုပ်စိုးခြင်းကို လက်မခံလိုသော ငါ့ရန်သူတို့ကိုမူကား ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မျက် မှောက်တွင် ကွပ်မျက်ကြလော့ဟူ၍ ဆိုသည်ဟု မိန့်တော်မူ၏။
    • 28   ကိုယ်တော်သည် ထိုအကြောင်းအရာကို မိန့်တော်မူပြီးနောက် ဂျေရုဆလင်မြို့သို့ ခရီးဆက်ရန် ရှေ့မှ ကြွသွားတော်မူ၏။-
    • 29  ကိုယ်တော်သည် သံလွင်တောင်ဟုခေါ်သော တောင်အနီးရှိ ဘက်ဖာဂျေရွာနှင့် ဘက်သနီရွာများအနီးသို့ ရောက်လျှင် တပည့်တော်နှစ်ပါးကိုစေလွှတ်၍၊-
    • 30  သင်တို့၏ရှေ့တွင် ရှိသောရွာသို့ ဝင်သွားကြလော့။ ရွာတွင်းသို့ သင်တို့ဝင်သောအခါ မည်သူမျှ မစီးဖူးသေးသည့် မြည်း ကလေးတစ်ကောင်ချည်ထားလျက်ရှိသည်ကို တွေ့ရလိမ့်မည်။ ၎င်းကို ကြိုးဖြေ၍ ဤနေရာသို့ ယူဆောင်ခဲ့ကြလော့။-
    • 31  အကယ်၍ တစ်စုံတစ်ယောက်က သင်တို့အား အဘယ်ကြောင့်မြည်းကို ကြိုးဖြေကြသနည်းဟု မေးလျှင် သခင်အလိုရှိသည်ဟူ၍ ပြန်ဖြေကြလော့ဟု မိန့်တော်မူ၏။-
    • 32  ဤသို့ဖြင့် စေလွှတ်ခြင်းခံရသော သူတို့သည် သွားကြသောအခါ ကိုယ်တော်မိန့်တော်မူသည့်အတိုင်း တွေ့ကြလေ၏။-
    • 33  သူတို့သည် မြည်းကို ကြိုးဖြေနေစဉ် မြည်းပိုင်ရှင်က သင်တို့သည် အဘယ်ကြောင့် မြည်းကို ကြိုးဖြေ ကြသနည်းဟု သူတို့အား မေးလေ၏။-
    • 34  ထိုအခါ သူတို့က သခင်အလိုရှိသည်ဟုဆိုကြ၏။-
    • 35  သူတို့သည် မြည်းကလေးကို ယေဇူးထံတော်သို့ ဆွဲလာခဲ့ကြပြီးမှ ယင်းအပေါ်တွင် မိမိတို့၏ အဝတ်များကိုခင်း၍ ကိုယ်တော်အား မြည်းကို စီးစေကြ၏။-
    • 36  ကိုယ်တော်သည်လည်း မြည်းကို စီးသွားတော်မူစဉ်တွင် သူတို့သည် မိမိတို့၏အဝတ်များကို လမ်းပေါ်၌ ခင်းကြ၏။-
    • 37  ကိုယ်တော်သည် သံလွင် တောင်ခြေအနီးသို့ ရောက်လာတော်မူသောအခါ များစွာသော တပည့်အပေါင်းတို့သည် မိမိတို့ တွေ့မြင်ခဲ့ရသည့် အံ့ဖွယ်တန်ခိုး လက္ခဏာများအတွက် ဝမ်းမြောက်ကြလျက် ကျယ်သောအသံဖြင့် ဘုရားသခင်ကို ချီးမွမ်း ထောမနာပြုကြ၍၊-
    • 38  ထာ၀ရဘုရားသခင်၏နာမတော်၌ ကြွလာတော်မူသော ရှင်ဘုရင်အား မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဘုန်းတော်ဂုဏ်တော်ရှိစေသတည်းဟု ကြွေးကြော်ကြ၏။-
    • 39  လူအစုအဝေးထဲမှ ဖာရီဇေးဦးအချို့တို့က ဆရာသခင်၊ ကိုယ်တော်၏တပည့်များ ကို ဆုံးမတော်မူပါဟု ကိုယ်တော်အား လျှောက်ထားကြ ၏။-
    • 40  ကိုယ်တော်က သင်တို့အား ငါဆိုသည်ကား ဤသူတို့သည် တိတ်ဆိတ်စွာ နေခဲ့ကြပါလျှင် ကျောက်တုံး ကျောက်ခဲများသည် ကြွေးကြော်ကြလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
    • 41   ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ ရောက်လာ၍ မြို့ကိုမြင်တော်မူသောအခါ ၎င်းအတွက် ငိုကြွေးလျက် မိန့်ဆိုသည်ကား၊-
    • 42  သင်သည် ငြိမ်းချမ်းသာယာမှုကို ဖြစ်ပေါ်စေသည့်အကြောင်းများကို ယနေ့သိခဲ့လျှင်ပင် ကောင်းပေစွ။ သို့သော် ယခု ဤအရာတို့ကို သင်မမြင်နိုင်စေရန် ဖုံးကွယ်ထားလျက်ရှိ၏။-
    • 43  အကြောင်းမူကား ရန်သူတို့သည် သင့်ကို မြေရိုးတံတိုင်းတို့ဖြင့် ကာ ဆီးလျက် အဘက်ဘက်မှ ဝိုင်းရံပိတ်ဆို့မည့်နေ့ရက်ကာ လရောက်လာလိမ့်မည်။-
    • 44  ထိုအခါ သူတို့သည် သင်နှင့် သင်၏မြို့ရိုးအတွင်း၌ရှိသော သင့်သားသမီးတို့ကို မြေပြင်နှင့် တညီတည်းဖြစ်စေရန် ဖျက်ဆီးကြလိမ့်မည်။ သူတို့သည် သင်၌ ကျောက်တုံးတစ်ခုအပေါ်တစ်ခုတင်၍ မကျန်စေခြင်းငှာ ပြုကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကြွလာတော်မူမည့်အချိန် ကို မသိသောကြောင့်ဖြစ်သည်ဟု မိန့်တော်မူ၏။
    • 45   ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်သို့ ဝင်ပြီးလျှင် အတွင်း၌ ရောင်းဝယ်နေသော သူများကို စတင်နှင်ထုတ် တော်မူ၏။-
    • 46  ကိုယ်တော်က ငါ၏အိမ်တော်သည် ဆုတောင်းရာအိမ်တော်ဖြစ်ရလိမ့်မည်ဟု ကျမ်းစာတော်မြတ်၌ ရေးထားလျက်ရှိ၏။ သို့သော် သင်တို့သည် ဤအိမ်တော်ကို သူခိုး၊ ဓားပြခိုအောင်းသောနေရာဖြစ်စေကြပြီဟု သူတို့အား မိန့်တော်မူ၏။
    • 47  ကိုယ်တော်သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌ သွန်သင်ဟောပြောတော်မူ၏။ ရဟန်းအကြီးအကဲများ၊ ကျမ်းတတ်ဆရာ များနှင့် လူတို့၏ခေါင်းဆောင်တို့သည် ကိုယ်တော့်ကိုသတ်ရန် အခွင့်အလမ်းရှာကြံကြ၏။-
    • 48  သို့ရာတွင် လူအပေါင်းတို့သည် ကိုယ်တော်၏ တရားတော်ကို လေးစားစွာ နားထောင်ကြသောကြောင့် သူတို့သည် ကိုယ်တော့်အပေါ်တွင် တစ်စုံတစ်ရာပြုနိုင်ရန် အခွင့်အလမ်းမရကြချေ။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...
  • ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)

    2019-10-23

    Myanmar Burmse (my)

    ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။

    • Encoding: UTF-8
    • Direction: LTR
    • LCSH: Bible.Burmese
    • Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM

    License

    Copyrighted; Permission to distribute granted to CrossWire

    Source (OSIS)

    https://git.crosswire.org/cyrille/myanmar

    history_1.0
    (2019-10-22) Initial release
    history_1.1
    (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
    history_1.2
    (2019-10-23) Fix conf file
    history_1.2.1
    (2022-07-31) conf file: fix typos

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Luke 19:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link

Luke 19:1

Tagging this verse.

The active verse selected text should load here.

Active

Available Tags

Drag and drop the desired tag from the available ones to the active area.

To un-tag a verse, drag and drop the desired tag from active to the available tags area.

Edit Tag

Create Tag

Luke 19:1

Notes on this verse.

The active verse selected text should load here.