Skip to main content
  • Luke 5
    •   ကိုယ်တော်သည် ဂျေနားဇရက်အိုင်အနီးတွင် ရပ်နေတော်မူစဉ် လူအစုအဝေးတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက် စကားကိုကြားနာခြင်းငှာ အထံတော်သို့ တိုးဝှေ့လာကြ၏။-
    •  ကိုယ်တော်သည်လည်း ကမ်းနားတွင် ဆိုက်ကပ်ထားသော လှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့မူကား လှေများ ပေါ်မှဆင်းကြပြီးလျှင် မိမိတို့၏ပိုက်ကွန်များကို ဆေးလျက်နေကြ၏။-
    •  ထိုအခါ ကိုယ်တော်သည် လှေနှစ်စင်းရှိသည့်အနက် စီမွန် ၏လှေပေါ်သို့တက်၍ လှေကိုကမ်းမှ အနည်းငယ်ခွာစေပြီးနောက် ထိုင်လျက် လူအစုအဝေးတို့ကို လှေပေါ်မှ သွန်သင်တော်မူ၏။-
    •  ထိုသို့ သွန်သင်တော်မူပြီးသောအခါ ကိုယ်တော်က ရေနက်ရာသို့ရွှေ့လော့၊ ငါးဖမ်းရန် သင်တို့၏ ပိုက်ကွန်များကို ချကြ လော့ဟု စီမွန်အား မိန့်တော်မူ၏။-
    •  စီမွန်ကလည်း ဆရာသခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံး ကြိုးစားပါသော်လည်း ငါးတစ်ကောင်ကိုမျှ မဖမ်းမိခဲ့ကြပါ။ သို့ရာတွင် ကိုယ်တော်အမိန့်ရှိသည့်အတိုင်း ပိုက်ကွန်ကို အကျွန်ုပ်ချပါမည်ဟု ပြန်၍လျှောက်လေ၏။-
    •  ထို့နောက် သူတို့သည် အမိန့်တော်အတိုင်းပြုကြသောအခါ များစွာသော ငါးတို့ကို ဖမ်းမိသဖြင့် ပိုက်ကွန်တို့မှာ စုတ်ပြဲ စပြုလေ၏။-
    •  ထို့ကြောင့် သူတို့သည် အခြားသောလှေ တစ်စင်းပေါ်ရှိ မိမိတို့၏အဖော်များအား မိမိတို့ကိုလာ၍ ကူညီစေခြင်းငှာ အချက်ပြ၍ ခေါ်ကြ၏။ ထိုသူတို့သည် လည်း လာကြ၍ လှေနှစ်စင်းလုံး၌ ငါးများဖြင့်ပြည့်စေသဖြင့် လှေတို့သည် နစ်လုမတတ်ရှိလေ၏။-
    •  စီမွန်ပေတရုမူကား ထိုအခြင်းအရာကိုမြင်လျှင် ယေဇူး၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် သခင်ဘုရား၊ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်သည် အပြစ်ရှိသောသူဖြစ်ပါသည်ဟူ၍လျှောက်လေ၏။-
    •  အကြောင်း မူကား စီမွန်မှစ၍ သူနှင့်အတူရှိသောသူအပေါင်းတို့သည် ဖမ်းမိသောငါးများကြောင့် အံ့အားသင့်လျက်ရှိကြသော ကြောင့်ဖြစ်၏။-
    • 10  ထိုနည်းတူပင် စီမွန်၏အဖော်များဖြစ်ကြသော ဇေဘေဒေးဦး၏သား ယာကုပ်နှင့် ယောဟန်တို့သည်လည်း အံ့ဩကြ၏။ ယေဇူးကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ ယခုမှစ၍ သင်တို့သည် လူကိုဖမ်းကြရလိမ့်မည်ဟု စီမွန်အား မိန့်တော်မူ၏။-
    • 11  သူတို့သည်လည်း လှေတို့ကို ကမ်းနားတွင် ဆိုက်ကပ်ထားပြီးနောက် ရှိသမျှအရာတို့ကို စွန့်ခဲ့၍ နောက်တော်သို့ လိုက်ကြလေ၏။
    • 12   ကိုယ်တော်သည် မြို့တစ်မြို့၌ ရှိတော်မူစဉ်တွင် တစ်ကိုယ်လုံး၌ အနာကြီးရောဂါစွဲသောသူတစ်ဦးသည် လာ၍ ကိုယ်တော့်ကိုမြင်သောအခါ ပျပ်ဝပ်လျက် သခင်အလိုတော်ရှိပါလျှင် အကျွန်ုပ်ကို သန့်ရှင်းစေနိုင်ပါသည်ဟု တောင်းပန် လျှောက်ထားလေ၏။-
    • 13  ထိုအခါ ကိုယ်တော်သည် လက်တော်ကိုဆန့်၍ သူ့ကိုတို့ထိကာ ငါအလိုရှိ၏၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်စေဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၌ အနာကြီးရောဂါမရှိတော့ချေ။-
    • 14  ကိုယ်တော်ကလည်း သူ့အား မည်သူ့ကိုမျှမပြောရန် မိန့်မှာပြီးနောက် ဆက်လက်၍မိန့်ဆိုသည်မှာ သို့သော် သွား၍ သင့်ကိုယ်ကို ရဟန်းအား ပြလော့။ လူတို့ရှေ့၌ သက်သေဖြစ်စေခြင်းငှာ မိုးဇက်မိန့်မှာထားခဲ့သည့်အတိုင်း လှူဖွယ်ဝတ္ထုကို ဆက်သပူဇော်လော့ဟု မိန့်တော်မူ၏။-
    • 15  သို့သော်လည်း ကိုယ်တော်၏သတင်းတော်သည် ပိုမိုပျံ့နှံ့သွားသဖြင့် များစွာသောလူအစုအဝေးတို့သည် ကိုယ်တော်၏ တရားတော်ကို ကြားနာခြင်းငှာလည်းကောင်း၊ မိမိတို့၏အနာရောဂါများကို ပျောက်ကင်းစေရန်လည်းကောင်း စုဝေးလာကြ၏။-
    • 16  ကိုယ်တော်မူကား လူသူကင်းဝေးသောအရပ်သို့ ထွက်ခွာသွား၍ ဆုတောင်းတော်မူ၏။
    • 17   တစ်နေ့သ၌ ကိုယ်တော်သည် ဟောပြောသွန်သင်တော်မူစဉ် ဂါလေလေးယနှင့် ဂျူဒေးယပြည်ရှိ ကျေးရွာအသီးသီးမှ လည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသောဖာရီဇေးဦးနှင့် ကျမ်းတတ်ဆရာတို့သည် မလှမ်းမကမ်းတွင် ထိုင်လျက်ရှိကြ၏။ ရောဂါဝေဒ နာများကို ပျောက်ကင်းစေခြင်းငှာ ထာ၀ရဘုရားသခင် ၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။-
    • 18  ထိုအခါ လူတို့သည် လေဖြတ်နေသောသူတစ်ယောက်ကို အိပ်ရာပေါ်တွင်တင်၍ ကိုယ်တော်၏ရှေ့တော်သို့ခေါ် ဆောင်ခဲ့ရန် ကြိုးစားကြ၏။-
    • 19  သို့ရာတွင် သူတို့သည် လူအစုအဝေးတို့ကြောင့် သူ့အားအတွင်းသို့ သယ်ဆောင်ရန်လမ်းကို မတွေ့သဖြင့် အိမ်မိုးပေါ်သို့ တက်ပြီးမှ လူတို့၏အလယ်၌ရှိသော ယေဇူး၏ရှေ့တော်သို့ ထိုသူ့ကို အုတ်ပြားများကြားမှ အိပ်ရာနှင့်တကွ လျှောချကြ၏။-
    • 20  ကိုယ်တော်သည် လည်း ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်တော်မူလျှင် လေဖြတ်နေသောသူအား အချင်းလူ၊ သင်၏အပြစ်များ အခွင့်လွှတ်ခြင်းခံရလေပြီဟု မိန့်တော်မူ၏။-
    • 21  ထိုအခါ ကျမ်းတတ်ဆရာတို့နှင့် ဖာရီဇေးဦးတို့က ဘုရားသခင်ကို ထိခိုက်ပြောဆိုသောဤသူကား မည်သူနည်း။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်လွှတ်နိုင်သနည်းဟူ၍ မိမိတို့၏စိတ်ထဲ၌ တွေးတောကြ၏။-
    • 22  ယေဇူးသည် သူတို့၏စိတ်ထဲမှတွေးတောချက်ကို သိမြင်သဖြင့် သူတို့အား ပြန်ဖြေတော်မူသည်ကား အဘယ်ကြောင့် သင်တို့၏ စိတ်နှလုံးထဲ၌မေးမြန်းကြသနည်း။-
    • 23  မည်သည့်စကားသည် ပြောရန်သာ၍ လွယ်ကူသနည်း။ သင်၏အပြစ်များ အခွင့်လွှတ်ခြင်းခံရလေပြီဟု ဆိုခြင်းလော၊ သို့မဟုတ် ထ၍ လှမ်းသွားလော့ဟုဆိုခြင်းလော။-
    • 24  သို့သော် လူသားသည် ကမ္ဘာပေါ်တွင် အပြစ်များကို ဖြေလွှတ်ပိုင်ကြောင်းကို သင်တို့သိမြင်စေမည်ဟုဆိုလျက် လေဖြတ်နေသောသူကို သင့်အား ငါဆိုသည်ကား ထလော့၊ သင်၏အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။-
    • 25  ထိုခဏချင်းတွင်ပင် သူသည် ထိုသူတို့၏ရှေ့ ၌ ထ၍ မိမိလျောင်းနေ သောအိပ်ရာကိုယူပြီးလျှင် ဘုရားသခင်ကိုချီးမွမ်းလျက် အိမ်သို့ပြန်သွားလေ၏။-
    • 26  လူအပေါင်းတို့သည်လည်း အလွန်အံ့ဩကြလျက် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြ၍ ဤယနေ့၌ ငါတို့သည် ထူးဆန်းအံ့ဩဖွယ်သောအရာများကို တွေ့ မြင်ကြရပြီဟု အံ့ဩစိတ်ဖြင့် ပြောဆိုကြလေ၏။
    • 27   ထို့နောက် ကိုယ်တော်သည် ထိုမြို့မှ ထွက်တော်မူသောအခါ လေဝိအမည်ရှိသောအခွန်ခံသူသည် အခွန်ရုံး၌ ထိုင်လျက် ရှိသည်ကိုမြင်လျှင် သူ့အား ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။-
    • 28  သူသည်လည်း ရှိသမျှ ဥစ္စာပစ္စည်းတို့ကို စွန့်ပြီးလျှင် ထ၍ နောက်တော်သို့လိုက်လေ၏။
    • 29  လေဝိသည် မိမိ၏အိမ်၌ ကိုယ်တော့်အတွက် ကြီးကျယ်သောစားသောက်ပွဲကို ကျင်းပလေ၏။ ထိုအခါ များစွာသော အခွန်ခံသူတို့နှင့် အခြားသောသူတို့သည် သူတို့နှင့်အတူ စားပွဲ၌ထိုင်၍ စားသောက်ကြ၏။-
    • 30  ဖာရီဇေးဦးနှင့် ကျမ်းတတ်ဆရာတို့က သင်တို့သည် အဘယ်ကြောင့် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ စားသောက်ကြသနည်းဟု ကိုယ်တော်၏တပည့်တော်တို့အား တီးတိုး ပြစ်တင်ကြ၏။-
    • 31  ယေဇူးကလည်း ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ပေ။ ဖျားနာသောသူတို့မူကား လိုအပ်၏။-
    • 32  ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်၊ အပြစ်ရှိသောသူတို့ကို နောင်တရစေရန်သာ ငါလာခြင်းဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။
    • 33   ထိုအခါ သူတို့က ယောဟန်၏တပည့်များသည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို မကြာခဏ ပြုကြ၏။ ဖာရီဇေးဦးတို့၏တပည့်များသည်လည်း ထိုနည်းတူပြုကြ၏။ ကိုယ်တော်၏တပည့်များမှာမူ စားသောက်လျက် နေကြပါသည် တကားဟု ကိုယ်တော်အား လျှောက်ကြ၏။-
    • 34  ယေဇူးကလည်း မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များအား သူတို့နှင့်အတူ သတို့သားရှိနေစဉ် အစာရှောင်ခိုင်း၍ ရမည်လော။-
    • 35  သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြ လိမ့်မည်ဟု သူ တို့အား မိန့်တော်မူ၏။-
    • 36  ကိုယ်တော်သည် ဤပုံဥပမာကိုလည်း သူတို့အား မိန့်ကြားတော်မူ၏။ မည်သူမျှ အဝတ်သစ်မှအစကိုဖြတ်ယူ၍ အဝတ်ဟောင်းတွင် ဖာထေးလေ့မရှိ။ ထိုသို့ပြုလုပ်ပါလျှင် အဝတ်သစ်သည် ပျက်စီး၍ အဝတ်စအသစ်နှင့် အဝတ်ဟောင်း တို့သည်လည်း လိုက်ဖက်မညီဖြစ်လိမ့်မည်။-
    • 37  ထိုနည်းတူပင် မည်သူမျှ စပျစ်ရည်အသစ်ကို သားရေဘူးဟောင်းများတွင် ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် စပျစ်ရည်အသစ် သည် သားရေဘူး များကိုကွဲစေသဖြင့် စပျစ်ရည်ယိုဖိတ်ကာ သားရေဘူးများ လည်း ပျက်စီးတတ်၏။-
    • 38  စပျစ်ရည်အသစ်ကိုမူကား သားရေဘူး အသစ်များတွင် ထည့်ရ၏။-
    • 39  ထို့ပြင် မည်သူမျှ စပျစ်ရည်ဟောင်းကို သောက်ပြီးလျှင် အသစ်ကို အလိုမရှိချေ။ ထိုသူက စပျစ်ရည်ဟောင်းသည် ပို၍ ကောင်းသည်ဟူ၍ ဆိုလိမ့်မည်ဟု မိန့်တော်မူ၏။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...
  • ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)

    2019-10-23

    Myanmar Burmse (my)

    ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။

    • Encoding: UTF-8
    • Direction: LTR
    • LCSH: Bible.Burmese
    • Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM

    License

    Copyrighted; Permission to distribute granted to CrossWire

    Source (OSIS)

    https://git.crosswire.org/cyrille/myanmar

    history_1.0
    (2019-10-22) Initial release
    history_1.1
    (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
    history_1.2
    (2019-10-23) Fix conf file
    history_1.2.1
    (2022-07-31) conf file: fix typos

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Luke 5:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link

Luke 5:1

Tagging this verse.

The active verse selected text should load here.

Active

Available Tags

Drag and drop the desired tag from the available ones to the active area.

To un-tag a verse, drag and drop the desired tag from active to the available tags area.

Edit Tag

Create Tag

Luke 5:1

Notes on this verse.

The active verse selected text should load here.