-
1 Corinthians 11
- 1 ငါသည် ခရစ်တော်ကို အတုယူသကဲ့သို့ သင်တို့သည်လည်း ငါ့ကိုအတုယူကြလော့။
- 2 သင်တို့သည်အရာရာတိုင်း၌ ငါ့ကိုအောက်မေ့သတိ ရကြ၍ ဓလေ့ထုံးတမ်းများကို သင်တို့အား ငါသင်ပြပေး ခဲ့သည့်အတိုင်း လိုက်နာကျင့်ကြံကြသောကြောင့် သင်တို့ကို ငါချီးမွမ်းပါ၏။-
- 3 သို့သော် ငါသည် သင်တို့အား ယောက်ျားတိုင်း၏ဦးခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမတစ်ယောက်၏ ဦးခေါင်းကား လင်ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ဦး ခေါင်းကား ဘုရားသခင်ဖြစ်သည်ကိုလည်းကောင်း နား လည်စေလို၏။-
- 4 သို့ဖြစ်၍ ယောက်ျားတစ်ယောက်သည် မိမိ၏ဦးခေါင်းကိုဖုံးအုပ်၍ ဆုတောင်းပတ္ထနာပြုလျှင်၊ သို့မဟုတ် ပရောဖက်ဉာဏ် နှင့် ဟောပြောလျှင် သူသည် မိမိ ဦးခေါင်း၏အသရေကို ရှုတ်ချသူဖြစ်၏။-
- 5 သို့သော် မိန်းမတစ်ဦးသည် ဦးခေါင်းကိုမဖုံးအုပ်ဘဲ ဆုတောင်းလျှင်၊ သို့မဟုတ် ပရောဖက်ဉာဏ်နှင့်ဟောပြောလျှင် သူမသည် မိမိဦးခေါင်း၏အသေရေကိုရှုတ်ချသူဖြစ်၏။ သူမသည် ခေါင်းတုံးရိတ်ထားသကဲ့သို့ပင်ဖြစ်လေ၏။-
- 6 အကယ်၍ မိန်းမတစ်ယောက်သည် မိမိ၏ဦးခေါင်းကို မဖုံးအုပ်ဘဲ ထားလျှင် သူမသည် မိမိ၏ဆံပင်ကိုဖြတ်ထားသင့်၏။ အကယ်၍ ဆံပင်ဖြတ်ခြင်း၊ သို့မဟုတ် ခေါင်းတုံးရိတ်ခြင်းတို့သည် မိန်းမတစ်ယောက်အတွက် ရှက်ဖွယ်ဖြစ်လျှင် သူမသည် မိမိဦးခေါင်းကိုဖုံးအုပ်ထားပါစေ။
- 7 ယောက်ျားသည် မိမိ၏ဦးခေါင်းကို ဖုံးအုပ်ထားရန်မလို။ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ဘုန်းဂုဏ်တော်ဖြစ်သောကြောင့်တည်း။ မိန်းမသည်ကား ယောက်ျား၏ဂုဏ်ကျက်သရေဖြစ်၏။-
- 8 အကြောင်းမူကား ယောက်ျားသည် မိန်းမမှ ဖန်ဆင်းခြင်းခံရသည်မဟုတ်။ မိန်းမသာလျှင် ယောက်ျားအားဖြင့် ဖန်ဆင်းခြင်း ခံရ၏။-
- 9 ထို့အတူ ယောက်ျားသည် မိန်းမအတွက် ဖန်ဆင်းခံရသည်မဟုတ်။ မိန်းမသည်သာလျှင် ယောက်ျားအတွက် ဖန်ဆင်းခြင်းခံ ရ၏။-
- 10 သို့ဖြစ်၍ ကောင်းကင်တမန်တော်များကို လေးစားသောအားဖြင့် မိန်းမတစ်ယောက်သည် မိမိ၏ဦးခေါင်းကို ဖုံးအုပ်ထား သင့်၏။-
- 11 မည်သို့ပင်ဖြစ်စေကာမူ သခင်ဘုရား၌ မိန်းမသည် ယောက်ျားကိုမှီခိုရသကဲ့သို့ ယောက်ျားသည်လည်း မိန်းမကိုမှီခိုရ၏။-
- 12 အကြောင်းမူကား မိန်းမသည် ယောက်ျားမှ ဖန်ဆင်းခြင်းခံရသကဲ့သို့ပင် ယောက်ျားသည်လည်း ယခုအခါတွင် မိန်းမမ ှမွေးဖွားလာရ၏။ ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ထံမှဖြစ်၏။-
- 13 သင်တို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်ကြပါလော့။ မိန်းမတစ်ဦးသည် ဦးခေါင်းကိုမဖုံးအုပ်ဘဲ ဘုရားသခင်ထံဆုတောင်း ပတ္ထနာပြုရန် သင့်လျော်ပါသလော။-
- 14 ဆံပင်ရှည်ထားခြင်းသည် ယောက်ျားတစ်ဦးအတွက် ရှက်ဖွယ်ဖြစ်ကြောင်းကို သဘာ၀တရားက သင်တို့အားသွန်သင်ထား သည် မဟုတ်လော။-
- 15 မိန်းမတစ်ဦးအတွက်မူကား ဆံပင်ရှည် ထားခြင်းသည် သူ၏ကျက်သရေပင် မဟုတ်ပါလော။ အကြောင်းမူကား သူမ၏ ဆံပင်ရှည်ကို ဖုံးလွှမ်းရာအဖြစ် သူမအား ပေးထားခြင်းဖြစ်၏။-
- 16 ဤအကြောင်းနှင့်စပ် လျဉ်း၍ တစ်စုံတစ်ယောက်သောသူသည် ငြင်းခုံလိုပါ လျှင် ငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော် များ၌လည်းကောင်း ထိုကဲ့သို့သောထုံးစံမရှိကြောင်း ငါ ပြောကြားလိုပါ၏။
- 17 သို့ရာတွင် အောက်ပါသွန်သင်ချက်များနှင့်စပ်လျဉ်း၍ ငါသည် သင်တို့အား မချီးမွမ်းပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အတူတကွစုဝေးကြသောအခါ ယင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကိုပေးလေ၏။-
- 18 ပထမ အကြောင်းမှာ သင်တို့သည် အသင်းတော်၌ စည်းဝေးကြ သောအခါတွင် အချင်းချင်းစိတ်ဝမ်းကွဲမှုများရှိကြောင်း ငါကြားသိရ၏။ ကြားရသည့်အတိုင်း တစ်စိတ်တစ်ဒေသ မှန်ကန်လိမ့်မည်ဟုလည်း ငါယုံကြည်၏။-
- 19 အကြောင်းမူကား သင်တို့တွင် အုပ်စုကွဲပြားမှုများရှိရမည်မှန်၏။ သို့မှ သာလျှင် မှန်ကန်စွာရပ်တည်သောသူများကို ပေါ်လွင်ထင်ရှားစွာ မြင်တွေ့နိုင်မည်ဖြစ်၏။-
- 20 သင်တို့သည် စုဝေး ကြသောအခါ သင်တို့စားကြသည်မှာ သခင်ဘုရား၏ ညစာစားပွဲမဟုတ်ပေ။-
- 21 အကြောင်းမူကား သင်တို့အသီး သီးသည် မိမိ၏အစာကိုယူ၍ စားကြသဖြင့် တစ်ယောက်သည် ဆာငတ်လျက်ရှိနေစဉ် အခြားတစ်ယောက်သည် မူးယစ်လျက်ရှိသောကြောင့်တည်း။-
- 22 အဘယ်ကြောင့်နည်း။ သင်တို့တွင် စားသောက်ကြရန် အိမ်များမရှိကြ သလော။ သို့မဟုတ်လျှင် သင်တို့သည် ဘုရားသခင် ၏ အသင်းတော်ကို မလေးမစားပြု၍ မရှိဆင်းရဲသားတို့အား အရှက်ရစေသလော။ သင်တို့အား ငါမည်သို့ပြောရမည်နည်း။ ဤအမှုအတွက် သင်တို့ကို ငါချီးမွမ်းရမည်လော။ ငါချီးမွမ်းလိမ့်မည်မဟုတ်။
- 23 အကြောင်းမူကား သခင်ဘုရားထံမှ ငါရရှိခဲ့၍ သင်တို့အား ငါပေးခဲ့သောသွန်သင်ချက်သည်ကား ယေဇူးသခင်သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရသည့်ည၌ မုန့်ကိုယူ၍၊-
- 24 ကျေးဇူးတင်ချီးမွမ်းပြီးနောက် မုန့်ကိုဖဲ့၍ ဤအရာသည် သင်တို့အဖို့ဖြစ်သော ငါ၏ခန္ဓာကိုယ်ဖြစ်၏၊ ငါ့ကို အောက်မေ့ သတိရခြင်းငှာ ဤအမှုကို ပြုကြလော့ ဟုမိန့်တော်မူ၏။-
- 25 ထိုနည်းတူ ညစာစားပြီးနောက် ခွက်တော်ကိုလည်း ယူတော်မူလျက် ဤခွက်သည် ငါ၏သွေး၌တည်သော ပဋိညာဉအ သစ်ဖြစ်၏၊ ဤခွက်ကို သင်တို့သောက်ကြသည့်အခါတိုင်း ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကိုပြုကြလော့ ဟု မိန့်တော်မူ၏။-
- 26 အကြောင်းမူကား သင်တို့သည် ဤမုန့်ကိုစား၍ ဤခွက်ကို သောက်ကြသည့်အခါတိုင်း သခင်ဘုရား၏အသေခံခြင်း ကို ကိုယ်တော်ကြွလာတော်မူသည့်တိုင်အောင် ကြေ ညာဟောပြောလျက်ရှိသောကြောင့်တည်း။
- 27 သို့ဖြစ်၍ မထိုက်တန်ဘဲ သခင်ဘုရား၏မုန့်ကိုစား၍ ကိုယ်တော်၏ခွက်တော်မှသောက်သောသူဟူသမျှသည် သခင်ဘုရား ၏ကိုယ်ခန္ဓာတော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။-
- 28 ထို့ကြောင့် လူတိုင်းသည် မိမိကိုယ်ကိုစစ်ဆေးပြီးမှ မုန့်တော်ကိုစား၍ ခွက်တော်မှ သောက်ပါစေ။-
- 29 အကြောင်းမူကား သခင်ဘုရား၏ကိုယ် ခန္ဓာအနက်အဓိပ္ပာယ်ကို မဆန်းစစ်ဘဲ မုန့်ကိုစား၍ ခွက် တော်မှသောက်သော သူသည် မိမိအပေါ် အပြစ်ဒဏ်ကျရောက်စေရန် စားသောက်သကဲ့သို့ဖြစ်၏။-
- 30 သို့ဖြစ်၍ သင်တို့ထဲတွင် များစွာသောလူတို့သည် အင်အားချည့်နဲ့ကြ၍ ဖျားနာကြခြင်းဖြစ်၏။ အချို့သည်လည်း သေကြလေပြီ။-
- 31 သို့သော် ငါတို့သည် မိမိတို့ကိုယ်ကို မှန်ကန်စွာ စီရင်ပါက အပြစ်စီရင်ခြင်းခံကြရလိမ့်မည်မဟုတ်။-
- 32 သို့ရာတွင် သခင်ဘုရားသည် ငါတို့အား စီရင်တော်မူသောအခါ ငါတို့သည် လောကသားတို့နှင့်အတူ အပြစ်ဒဏ်မခံရစေ ရန် ဆုံးမတော်မူခြင်းသာဖြစ်၏။
- 33 ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့သည် စားပွဲတော်အတွက် စုဝေးကြသောအခါ တစ်ဦးကိုတစ်ဦးစောင့်ကြလော့။-
- 34 အကယ်၍ တစ်စုံတစ်ယောက်သည် ဆာလောင် လျှင် မိမိ၏အိမ်တွင် စားသောက်စေ။ ဤသို့ဖြင့် သင်တို့ သည် စုဝေးသော အခါ အပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ ရှိ လိမ့်မည်။ အခြားအမှုကိစ္စရပ်များကိုမူ ငါလာသောအခါ သွန်သင်လမ်းညွှန်ပေးမည်။
-
King James Version (kjv)
- Afrikaans
- Albanian
- Arabic
- Armenian
- Basque
- Breton
- Calo
- Chamorro
- Cherokee
- Chinese
- Coptic
- Croatian
- Czech
- Danish
- Dari
- Dutch
-
English
American King James Version (akjv) American Standard Version (asv) Basic English Bible (basicenglish) Douay Rheims (douayrheims) John Wycliffe Bible (c.1395) (wycliffe) King James Version (kjv) King James Version (1769) with Strongs Numbers and Morphology and CatchWords, including Apocrypha (without glosses) (kjva) Webster's Bible (wb) Weymouth NT (weymouth) William Tyndale Bible (1525/1530) (tyndale) World English Bible (web) Young's Literal Translation (ylt)
- English and Klingon.
- Esperanto
- Estonian
- Finnish
- French
- German
- Gothic
- Greek
- Greek Modern
- Hebrew
- Hungarian
- Italian
- Japanese
- Korean
- Latin
- Latvian
- Lithuanian
- Malagasy
- Malayalam
- Manx Gaelic
- Maori
- Mongolian
- Myanmar Burmse
- Ndebele
- Norwegian bokmal
- Norwegian nynorsk
- Pohnpeian
- Polish
- Portuguese
- Potawatomi
- Romanian
- Russian
- Scottish Gaelic
- Serbian
- Shona
- Slavonic Elizabeth
- Spanish
- Swahili
- Swedish
- Syriac
- Tagalog
- Tausug
- Thai
- Tok Pisin
- Turkish
- Ukrainian
- Uma
- Vietnamese
-
-
Active Persistent Session:
To use a different persistent session key, simply add it above, and click the button below.
How This All Works
Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.
However, to modify your notes and tags, you need both the persistent session key and your favourite verse.
Please Keep Your Favourite Verse Private
Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.
The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.
-
Loading...
-
-
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)
2019-10-23Myanmar Burmse (my)
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။
- Encoding: UTF-8
- Direction: LTR
- LCSH: Bible.Burmese
- Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM
License
Copyrighted; Permission to distribute granted to CrossWire
Source (OSIS)
https://git.crosswire.org/cyrille/myanmar
- history_1.0
- (2019-10-22) Initial release
- history_1.1
- (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
- history_1.2
- (2019-10-23) Fix conf file
- history_1.2.1
- (2022-07-31) conf file: fix typos
Favourite Verse
You should select one of your favourite verses.
This verse in combination with your session key will be used to authenticate you in the future.
This is currently the active session key.
Should you have another session key from a previous session.
You can add it here to load your previous session.