Skip to main content
  • Acts 21
    •  ငါတို့သည်လည်း သူတို့အား နှုတ်ဆက်ထွက်ခွာခဲ့ပြီးနောက် ကော့စကျွန်းသို့ တိုက်ရိုက်သင်္ဘောလွှင့်ကြရာ နောက်တစ်နေ့တွင် ရိုဒေကျွန်းသို့ရောက်၍ ထိုမှတစ်ဖန် ပတ္တရာကျွန်းသို့ရောက်ကြ၏။-
    •  ထို့နောက် ငါတို့သည် ဖွေနိစိယပြည်သို့သွားမည့် သင်္ဘောတစ်စီးကို တွေ့ကြသဖြင့် ထိုသင်္ဘောကိုစီး၍ ခရီးဆက်ကြ၏။-
    •  ငါတို့သည် စိပရုကျွန်းကို လှမ်းမြင်ရသောအခါ ထိုကျွန်း၏ တောင်ဘက်မှဖြတ်၍ ဆီးရိယပြည်သို့ သင်္ဘောလွှင့်ရာ တီရာမြို့တွင် ဆိုက်ကပ်လေ၏။ အကြောင်းမူကား ထိုအရပ်၌ သင်္ဘောသည် ၎င်း၏ကုန်များကို ချရမည်ဖြစ်သော ကြောင့်တည်း။-
    •  ငါတို့သည်လည်း တပည့်တော်များနှင့် တွေ့ဆုံကြသဖြင့် ထိုအရပ်တွင် ခုနစ်ရက်ကြာနေထိုင်ကြ၏။ ထိုသူတို့သည်လည်း ပေါလုအား ဂျေရုဆလင်မြို့သို့ ခရီးမဆက်ရန် ဝိညာဉ်တော်အားဖြင့် ပြောကြားကြ၏။-
    •  ဤသို့ဖြင့် ထိုအရပ်တွင် နေရမည့်ရက်များ ကုန်ဆုံးသောအခါ ငါတို့သည် ထွက်ခွာ၍ ခရီးဆက်ခဲ့ကြ၏။ ထိုသူအပေါင်း တို့သည်လည်း မိမိတို့၏ သားမယားနှင့်အတူ မြို့ပြင်သို့ရောက်သည်အထိ ငါတို့ကို လိုက်ပို့ကြ၏။ ပင်လယ်ကမ်းနားအနီးသို့ ငါတို့ရောက်ကြသောအခါ ဒူးထောက်၍ ဆုတောင်းကြပြီးမှ အချင်းချင်းနှုတ်ဆက်ခဲ့ကြ၏။-
    •  ထို့နောက် ငါတို့သည် သင်္ဘောပေါ်သို့တက်ကြ ၍ သူတို့သည်လည်း အိမ်သို့ပြန်သွားကြ၏။
    •  တီရာမြို့မှစတင်သော ငါတို့၏ပင်လယ်ခရီးစဉ် ပြီးဆုံးသောအခါ ငါတို့သည် ပတိုလေမိမြို့သို့ ရောက်သဖြင့် ထိုမြို့မှ ညီအစ်ကိုများကို နှုတ်ဆက်၍ သူတို့နှင့်အတူ တစ်ရက်နေထိုင်ခဲ့ကြ၏။-
    •  နောက်တစ်နေ့တွင် ငါတို့သည် ထွက်ခွာခဲ့ကြရာ ဆီဇားရိယမြို့သို့ ရောက်လေ၏။ ငါတို့သည်လည်း အမှုတော်ဆောင် ခုနစ်ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော ဧဝံဂေလိတရားဟောသူ ဖိလိပု၏အိမ်သို့ဝင်၍ သူနှင့်အတူနေထိုင်ခဲ့ကြ၏။-
    •  သူ၌ ပရောဖက်ဉာဏ်ဖြင့် ဟောကြားနိုင်သော သမီးကညာလေးယောက်ရှိလေ၏။-
    • 10  ငါတို့သည် ထိုအိမ်၌ ရက်အတန်ကြာ နေထိုင်လျက်ရှိစဉ် အာဂါဘုအမည်ရှိသော ပရောဖက်တစ်ဦးသည် ဂျူဒေးယပြည်မှ ရောက်လာခဲ့၏။-
    • 11  သူသည် ငါတို့ထံသို့ လာပြီးလျှင် ပေါလု၏ခါးပန်းကိုယူကာ မိမိ၏ခြေနှင့် လက်တို့ကို ချည်နှောင်လျက် ဝိညာဉ်တော်မြတ်က ဤသို့မိန့်တော်မူ၏။ ဂျေရုဆလင်မြို့၌ ဂျူးလူမျိုးတို့သည် ဤခါးပန်းရှင်ကို ယခုကဲ့သို့ ချည်နှောင်ကြ၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်ဟု ဆိုလေ၏။-
    • 12  ဤစကားကို ငါတို့ ကြားကြသောအခါ ငါတို့နှင့် ထိုအရပ်၌ရှိသော သူတို့သည် ပေါလုကို ဂျေရုဆလင်မြို့သို့ မသွားရန် တောင်းပန်ကြ၏။-
    • 13  ထိုအခါ ပေါလုက သင်တို့သည် အဘယ်ကြောင့်ငိုကြွေးလျက် ငါ၏စိတ်နှလုံးကို ပူဆွေးဝမ်းနည်း စေကြသနည်း။ ငါသည် ယေဇူးသခင်၏ နာမတော်အတွက် ဂျေရုဆလင်မြို့တွင် ဖမ်းဆီးအကျဉ်းချခံရုံသာမက အသက်အသေခံရန်ပင် အဆင့်သင့် ရှိ၏ဟု ပြန်ပြောလေ၏။-
    • 14  ဤသို့ဖြင့် သူ့အား ဖျောင်းဖျ၍ မရသောကြောင့် ငါတို့သည်လည်း ထာ၀ရဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်ပါစေ ဟုဆိုကာ လက်လျှော့လိုက်ကြ၏။
    • 15  ထိုနေ့ရက်များလွန်လျှင် ငါတို့သည် အဆင်သင့်ပြင်ဆင်လျက် ဂျေရုဆလင်မြို့သို့ တက်ကြ၏။-
    • 16  ဆီဇားရိယမြို့မှ တပည့်တော်အချို့သည်လည်း ငါတို့နှင့်အတူ လိုက်ပါလာကြပြီး ပထမဆုံးသော တပည့်တော်တို့တွင် တစ်ဦးအပါအဝင်ဖြစ်သော စိပရုကျွန်းသား မနာစန်၏ နေအိမ်တွင် တည်းခိုရန် ငါတို့ကိုခေါ်ဆောင်သွားကြ၏။
    • 17   ငါတို့သည် ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ညီအစ်ကိုတို့သည် ငါတို့ကို ဝမ်းသာအားရ ကြိုဆိုလက်ခံခဲ့ကြ၏။-
    • 18  နောက်တစ်နေ့တွင် ပေါလုသည် ငါတို့နှင့်အတူ ယာကုပ်ထံသို့သွားသောအခါ သက်ကြီးဝါကြီး အားလုံးတို့သည်လည်း ထိုနေရာတွင် ရှိနေကြလေ၏။-
    • 19  ပေါလုသည်လည်း ထိုသူတို့ကို နှုတ်ခွန်းဆက်ပြီးနောက် မိမိ၏အမှုတော်ဆောင်ခြင်းအားဖြင့် လူမျိုးခြားတို့အလယ်၌ ဘုရားသခင်လုပ်ဆောင်တော်မူသော အမှုအရာတို့ကို တစ်ခုစီတင်ပြပြောဆိုလေ၏။-
    • 20  သူတို့သည်လည်း ဤအကြောင်းအရာတို့ကို ကြားကြသောအခါ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြ၏။ ထို့နောက် သူတို့က ပေါလုအား ဆိုကြသည်မှာ ညီငယ်၊ ဂျူးလူမျိုးတို့တွင် ယုံကြည်သူထောင်ပေါင်းများစွာ ရှိပြီးဖြစ်သော်လည်း ထိုသူအားလုံးတို့သည် ပညတ်တရားအတွက် စိတ်အားထက်သန်ကြသော သူများဖြစ်ကြောင်း သင်အသိပင်ဖြစ်၏။-
    • 21  သင်သည် လူမျိုးခြားတို့အလယ်တွင် နေထိုင်ကြသော ဂျူးလူမျိုးများအား သူတို့၏သားများကို အရေဖျားမလှီးရ၊ ရှေးထုံးတမ်းစဉ်လာများကို မလိုက်နာရဟုဆို၍ မိုးဇက်၏ပညတ်တရားကို စွန့်ပယ်ကြစေရန် သွန်သင်ခဲ့သည် ဟူ၍ ဂျူးလူမျိုးတို့သည် သတင်းကြားခဲ့ကြလေပြီ။-
    • 22  သို့ဖြစ်၍ အဘယ်အရာကိုပြုလုပ်ရမည်နည်း။ သင်ရောက်ရှိနေသည်ကို သူတို့အသေအချာ ကြားသိကြပေလိမ့်မည်။-
    • 23  ထို့ကြောင့် သင့်အား ငါတို့ပြောသည့်အတိုင်း ပြုလုပ်ပါလော့။ ငါတို့တွင် ကတိသစ္စာပြုထားသော လူလေးဦးရှိ၏။-
    • 24  ထိုသူတို့ကိုခေါ်သွားပြီးလျှင် သူတို့နှင့်အတူ သင့်ကိုယ်သင် သန့်စင်ခြင်းမင်္ဂလာကို ပြုလုပ်ပါလော့။ သူတို့၏ ဦးခေါင်းရိတ်ခ ငွေကိုလည်း သင်ပေးလော့။ ထိုသို့ပြုလျှင် သင့်အကြောင်း သူတို့ကြားသိထားသော သတင်းစကားများ မမှန်ကန်ဘဲလျက် သင်သည်လည်း ပညတ်တရားကို ကိုယ်တိုင်လိုက်နာ စောင့်ထိန်းနေကြောင်း သူတို့သိကြလိမ့်မည်။-
    • 25  လူမျိုးခြားတို့ထဲမှ ယုံကြည်လာကြသော သူတို့အတွက်မူကား ရုပ်တုရှေ့၌ ပူဇော်သောအရာတို့ကိုလည်းကောင်း၊ သွေးကိုလည်းကောင်း၊ လည်ကိုညှစ်၍သတ်သော တိရစ္ဆာန်အသားတို့ကိုလည်းကောင်း၊ ကာမဂုဏ်လိုက်စားခြင်းကို လည်းကောင်း ရှောင်ကြဉ်ကြရမည်ဟု ငါတို့စီရင်ဆုံးဖြတ်ချက်အတိုင်း စာရေးသားပေးပို့လိုက်ပြီးဖြစ်သည်ဟု ဆိုကြ၏။-
    • 26  ထို့ကြောင့် ပေါလုသည် ထိုလူလေးဦးကိုခေါ်သွားပြီးလျှင် နောက်တစ်နေ့၌ သူတို့နှင့်အတူ သန့်စင်ခြင်းမင်္ဂလာကိုပြုပြီး ဗိမာန်တော်သို့ဝင်၍ သန့်စင်ခြင်းမင်္ဂလာပြုရသည့်နေ့များ ပြီးဆုံးမည့်အချိန်ကိုလည်းကောင်း၊ တစ်ဦးစီအတွက် ပူဇော်သကာ ဆက်ကပ်ရမည့် အချိန်ကိုလည်းကောင်း အသိပေးလေ၏။
    • 27   ခုနစ်ရက်ကာလ ကုန်ဆုံးလုနီးသောအခါ အာရှပြည်မှ ဂျူးလူမျိုးများသည် ဗိမာန်တော်၌ ပေါလုကိုတွေ့မြင်ကြလျှင် လူအစုအဝေးတို့အား လှုံ့ဆော်လျက် သူ့ကို ဖမ်းဆီးသွားကြ၏။-
    • 28  ထိုသူတို့က အစ္စရာအဲလ်လူမျိုးတို့၊ ကူညီကြပါလော့။ ဤသူသည် အရပ်ရပ်သို့သွား၍ ငါတို့လူမျိုးနှင့် ပညတ်တရားကို လည်းကောင်း၊ ဤသန့်ရှင်းရာဌာနကိုလည်းကောင်း ဆန့်ကျင်ဘက်ပြု၍ လူတိုင်းအား သွန်သင်သည်သာမက ဂရိလူမျိုးများ အားလည်း ဗိမာန်တော်သို့ ခေါ်ဆောင်လာ၍ ဤသန့်ရှင်းရာဌာနကို ညစ်ညူးစေပါသည်ဟု ဟစ်အော်ကြ၏။-
    • 29  အကြောင်းမူကား သူတို့သည် မကြာမီအချိန်ကပင် ဧဖက်ဆုမြို့သား တြိုဖီမုကို ပေါလုနှင့်အတူ မြို့ထဲတွင် တွေ့မြင် ခဲ့ကြသဖြင့် ထိုသူ့ကို ဗိမာန်တော်ထဲသို့ ပေါလုက ခေါ်ဆောင်လာခဲ့သည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။
    • 30  တစ်မြို့လုံးသည်လည်း ထိုအချက်ကြောင့် ဆူပူအုံကြွကြပြီးလျှင် လူတို့သည် ပြေးလာ၍ ပေါလုကိုဖမ်းဆီးကာ ဗိမာန်တော် အပြင်သို့ဆွဲထုတ်ပြီး တံခါးများကို ချက်ချင်းပိတ်ထားကြ၏။-
    • 31  သူတို့သည် ပေါလုကိုသတ်ရန် ကြိုးစားနေကြစဉ် ရောမတပ်မှူးသည် ဂျေရုဆလင်မြို့တစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ဟု သတင်းကြားလေ၏။-
    • 32  ထိုအခါ သူသည် ချက်ချင်းပင် စစ်သူရဲများနှင့် လူတစ်ရာတပ်မှူးများကိုခေါ်ဆောင်၍ လူအများစုဝေးရာနေရာသို့ အပြေးရောက်လာ၏။ လူအစုအဝေးသည်လည်း ရောမတပ်မှူးနှင့် စစ်သူရဲများကိုမြင်လျှင် ပေါလုအား ရိုက်နှက်နေခြင်းမှ ရပ်လိုက်ကြ၏။-
    • 33  ထိုအခါ တပ်မှူးသည် လာ၍ ပေါလုကိုဖမ်းဆီးပြီးလျှင် သံကြိုးနှစ်ချောင်းဖြင့် သူ့ကိုချည်နှောင်ထားရန် အမိန့်ပေးလေ၏။ ထို့နောက်မှ သူက ဤသူကား မည်သူဖြစ်သနည်း၊ မည်သည့်ပြစ်မှုကို ကျူး လွန်ခဲ့သနည်းဟု မေးမြန်းလေ၏။-
    • 34  လူအစုအဝေးတို့သည်လည်း တစ်ယောက်တစ်မျိုး အော်ဟစ်နေကြစဉ် ဆူညံသံများကြောင့် ရောမတပ်မှူးသည် အဖြစ်မှန်ကိုမသိ နိုင်သဖြင့် ပေါလုကို ခံတပ်အတွင်းသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။-
    • 35  ပေါလုသည် ခံတပ်၏လှေကားသို့ ရောက်သောအခါ လူအစုအဝေးတို့သည် ကြမ်းကြမ်းတမ်းတမ်း ပြုမူလာကြသောကြောင့် စစ်သူရဲများသည် သူ့ကိုချီမ၍ပင် ခေါ်ဆောင်သွားကြရ၏။-
    • 36  အကြောင်းမူကား ဆူပူနေသော လူအစုအဝေးသည် သူ့ကိုထုတ်လော့ဟု အော်ဟစ်လျက် သူတို့နောက်မှ လိုက်ပါ လာကြသောကြောင့်ဖြစ်၏။
    • 37  ဤသို့ဖြင့် ပေါလုအား ခံတပ်အတွင်းသို့ခေါ်ဆောင် သွားမည်ပြုစဉ် သူက ရောမတပ်မှူးအား သင့်ကို အကျွန်ုပ် စကားပြော ပါရစေဟုဆို၏။ ထိုအခါ တပ်မှူးက သင်သည် ဂရိစကားပြောတတ်သလော။-
    • 38  သို့ဖြစ်လျှင် မကြာသေးမီက ပုန်ကန်ထကြွပြီး သူပုန်လေးထောင်ကို တောကန္တာရသို့ ခေါ်ဆောင်သွားသော အီဂျစ်လူမျိုးမှာ သင်ဖြစ်သည် မဟုတ်လောဟု မေးလေ၏။-
    • 39  ပေါလုကလည်း အကျွန်ုပ်သည် ဂျူးလူမျိုးဖြစ်၍ စီလိစိယပြည်တွင် ထင်ရှားသော တာဆုမြို့သားတစ်ဦး ဖြစ်ပါသည်၊ ကျေးဇူးပြု၍ အကျွန်ုပ်အား ဤသူတို့ကို စကားပြောခွင့်ပေးပါဟုဆို၏။-
    • 40  ရောမတပ်မှူးသည်လည်း သူ့ကိုအခွင့်ပေးသဖြင့် ပေါလုသည် လှေကားထစ်ပေါ်တွင်ရပ်လျက် လူအစုအဝေးအား တိတ်ဆိတ်စွာနေရန် မိမိ၏လက်ဖြင့် အချက်ပြလေ၏။ ဤသို့ဖြင့် ထိုသူအားလုံးတို့သည် အလွန်ပင်တိတ်ဆိတ် သွားကြ သောအခါ သူသည် ဟေဗြေဦးဘာသာစကားဖြင့် ထိုသူတို့အား မြွက်ဆိုလျက်၊
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...
  • ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)

    2019-10-23

    Myanmar Burmse (my)

    ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။

    • Encoding: UTF-8
    • Direction: LTR
    • LCSH: Bible.Burmese
    • Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM

    License

    Copyrighted; Permission to distribute granted to CrossWire

    Source (OSIS)

    https://git.crosswire.org/cyrille/myanmar

    history_1.0
    (2019-10-22) Initial release
    history_1.1
    (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
    history_1.2
    (2019-10-23) Fix conf file
    history_1.2.1
    (2022-07-31) conf file: fix typos

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Acts 21:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link

Acts 21:1

Tagging this verse.

The active verse selected text should load here.

Active

Available Tags

Drag and drop the desired tag from the available ones to the active area.

To un-tag a verse, drag and drop the desired tag from active to the available tags area.

Edit Tag

Create Tag

Acts 21:1

Notes on this verse.

The active verse selected text should load here.